ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ဗဟိုအလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေး

၃၀.၀၁.၂၀၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို အလုပ်အမှုဆောင်အားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဇန္န၀ါရီ ၃၀ ရက် ဒီကနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်က အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲဟာ ၁ နာရီခွဲလောက် ကြာမြင့်ခဲ့ပြီး ပထမအကြိမ်ဆွေးနွေးပွဲတုန်းက မပြတ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင်တွေ မနှစ်က နိုဝင်ဘောလ ၉ ရက်နေ့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး၊ ၃ လလောက်အကြာမှာ ခုလို ဒုတိယ အကြိမ် တွေ့ဆုံခွင့်ရခဲ့တာပါ။ ပထမအကြိမ်တွေ့တုန်းက ဥက္ကဌ ဦးအောင်ရွှေ အပါအ၀င် ထိပ်ပိုင်းဗဟိုအလုပ်အမှုဆောင် ၃ ဦးနဲ့ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းတို့ ပါဝင်ပါတယ်။ ခုတကြိမ် တွေ့ဆုံကြရာမှာတော့ ဗဟိုအလုပ်အမှုဆောင် ၇ ဦးနဲ့ ဦးဥာဏ်ဝင်းတို့ ပါဝင်ပါတယ်။

ခုတကြိမ်ဆွေးနွေးပွဲ့ရဲ့ ထူခြားချက်ကတော့ ဒီဆွေးနွေးပွဲ့နဲ့ ပတ်သက်လို့ လက်ရှိ စစ်အစိုးရ စီစဉ်ဆောင်ရွက်နေပုံတွေ၊ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးရတာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျေနပ်အားရမှု မရှိတာတွေ၊ မကျေမနပ် ဖြစ်နေတာတွေ၊ ရှေ့အလားအလာက အားရစရာမရှိ ဖြစ်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ပွင့်ပွင့်ွှလင်းလင်း ထုတ်ဖေါ်ပြောလာတာပါ။ ဒါပေမဲ့ ဆွေးနွေးခဲ့တဲ့ တခြားအသေးစိတ် အချက်အလက်တွေကိုတော့ မသိရပါဘူး။

ပြည်သူလူထုကို အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားလို့ ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်တွေကနေတဆင့် အမှာစကား ပါးလိုက်သလို၊ ပါတီဝင်တွေကိုလည်း အမှာစကား ပြောကြားလိုက်တယ်လို့ ဆွေးနွေးပွဲ့မှာ ပါဝင်ခဲ့သူ၊ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ဆွေးနွေးပွဲ့အပြီးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ ၀င်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဆက်လက် ဆွေးနွေးကြမဲပအစီစဉ်ကို လာရောက် အကြောင်းကြားတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။