လွန်ခဲ့သော ၂ ရက်ခန့်က (၂၆.၀၁.၂၀၀၈) နော်ဝေးနိုင်ငံ ခရစ္စရန်ဆွန်းမြို့ ရှိ Oasen
လူမှုရေးကူညီမှု အဖွဲ့မှ ဦးစီးကျင်းပသော မြန်မာ့ယာဉ်ကျေးမှု ရိုးရာပွဲလေးကို နော်ဝေးလူမျိုး (၅၀)ကျော်ခန့် လာရောက် လေ့လာအားပေးခဲ့ကြောင်း သတင်းရရှိသည်။
၎င်းပွဲတွင် မြန်မာပြည်ရဲ့ လက်ရှိဖြစ်ပျက်နေသော အခြေအနေနှင့် ထောင်တွင်း အခြေအနေတွေ၊ နောက် ထိုင်းနိုင်ငံနယ်စပ်ဒေသရှိ မြန်မာ့ဒုက္ခသည်များ၏ ဘ၀ အခက်အခဲများကို မှတ်တမ်းတင် ဗွီဒီယို အထောက်ထားများဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။
၎င်းနောက် ပွဲဖြစ်မြောက်ရေးတာဝန်ခံ Oasen Kreativt Senter ၏ တာဝန်ရှိသူ Inger Lise Pettersen ကနေပြီး မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့သနပ်ခါးအကြောင်းကို ပါဝင်ရှင်းလင်းသွားခဲ့သည်။ ထို့နောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကလည်း မြန်မာ့ရိုးရာ ဒိုးပတ်ဝိုင်းနှင့်အတူ သမီးပျိုလေးနှစ်ဦးမှ အကဖြင့် ဖျော်ဖြေခဲ့ကြောင်း သတင်းရှိပါသည်။