ဗိုလ်ချုပ်အောင်ဆန်းအထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ညွှန်း ဇာဂနာရေးသားပြီးစီး

၁၈.၀၁.၂၀၀၈

ဒါရိုက်တာ မောင်သူရခေါ် ရုပ်ရှင် သရုပ်ဆောင် ဇာဂနာ က ဒီဇာတ်ညွှန်းကို ပြည်တွင်းရုပ်ရှင် ထုတ်လုပ်သူတွေထက် နိုင်ငံတကာ ရုပ်ရှင်ထုတ်လုပ်သူတွေက စိတ်ဝင်စားမှုရှိနေတယ်လို့ ကြားသိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထုပ္ပတ္တိနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ ရှိတဲ့ သခင်တင်မြနဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေ ရေးသားတဲ့ စာအုပ် ရေးသားပြီးစီးသွားပြီးဆိုတဲ့ သတင်း ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က ထွက်ပေါ်လာချိန်မှာပဲ ကိုဇာဂနာက ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရုပ်ရှင် ဇာတ်ညွှန်း ရေးသား ပြီးစီးပြီဖြစ်တယ်လို့ ထုတ်ဖေါ်ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီဇာတ်ညွှန်းကို သူရဲ့ ကိုယ်ပိုင် အင်တာနက် blog စာမျက်နှာမှာလည်း တင်ပြထားတာတွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တာ ၆၁ နှစ်ကျော်သွားပြီဖြစ်ပေမဲ့ သူတို့ အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်မျိုး လွတ်လပ်ရေးရပြီးနောက်ပိုင်း ဘယ်ခေတ်မှ ရိုက်ကူးခဲ့တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ အပတ်အတွင်းကပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်အကြောင်း အမေရိကန် ဟောလီးဝုဒ်က ရုပ်ရှင်ရိုက်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေတာဖြစ်ပါတယ်။