နိုင်ငံတကာလှုပ်ရှားမှု ကော်မီတီ၏ ခရီးရှည် ချီတက်ခြင်း စတင်နေပြီ

ကျော်ထွန်း၊ ၁၄ အောက်တိုဘာ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှု ကော်မီတီ၏ ၂၁၅ မိုင် လမ်းလျှောက်ချီတက် ဆန္ဒပြအစီအစဉ်ကို အောက်တိုဘာလ ၁၃ ရက်၊ စနေနေ့ နံနက် ၈ နာရီအချိန်တွင် အော်ဘာနီနယ်မြေ၊ ဂရက်ဖတန်မြို့ (Grafton) ငြိမ်းချမ်းရေးစေတီမှ စတင်၍ ချီတက်ထွက်ခွာ ခဲ့ကြပြီဟု ဒို့မြန်မာမှ သတင်းရရှိသည်။

ဂရက်ဖတန်မြို့မှ ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် အော်ဘာနီမြို့သို့ ရောက်ရှိသည်။ "မနေ့က ဂရက်ဖတန်မြို့က အထွက်မှာ နိုင်ငံခြားသားတွေနဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကျော် ကျနော်တို့နဲ့ ပူပေါင်းလမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်၊ ဒီနေ့လည်း လူ ၃၀ လောက် ပူးပေါင်းပါဝင်ခဲ့ကြတာ တွေ့ရတယ်" လို့ သတင်းနှင့်ပြန်ကြားရေးက ကိုအောင်ကျော်ဇံက ဒို့မြန်မာသို့ ပြောကြားသည်။

"ကိုမောင်မောင်တိတ်၊ ကိုအောင်ကျော်ဇံ၊ ကိုစောငို၊ ကိုလှထွေး၊ ကိုတေဇလင်း နဲ့ သီလရှင်တပါး အပါအ၀င် ဂျပန်မိန်းကလေးတဦးလည်း ကျနော်တို့နဲ့ ခရီးအစအဆုံး ချီတက်ကြမယ်" လို့ ဆက်လက် ရှင်းပြသည်။

ဆက်လက်ပြီး ၎င်းက "ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေ ပြတ်သားတဲ့ဆုံးဖြတ်ချက် တခု မြန်မာနိုင်ငံအတွက် ဆောင်ရွက်သွားနိုင်သည်အထိ ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားမှာဖြစ်တယ်" လို့ ဒို့မြန်မာသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် နယူးယောက်မြို့သို့ ရောက်ရှိကြမည် ဖြစ်ပြေီး အစာငတ်ခံဆန္ဒပြပွဲ များအား UN ရုံးရှေ့နှင့် တရုပ်သံရုံးရှေ့တို့တွင် ဆက်လက်ပြုလုပ်သွားမည်ဟု ဒို့မြန်မာမှ သတင်းရရှိသည်။