မြန်မာပြည်အရေး လုံခြုံရေးကောာင်စီ အဖွဲ့ဝင်နိုင်ငံများစိုးရိမ်ပူပန်

၀၆.၁၀.၂၀၀၇- ဒို့မြန်မာ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြင်သစ်၊ ဗြိတိန်၊ စင်္ကာပူ၊ တရုတ်နဲ့ ရုရှား သံအမတ်ကြီးတွေကလည်း သူတို့ရဲ့ သဘောထားတွေကို အသီးသီး ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Jeam-Pierre Lacroix ကလည်း Mr Gambari လိုပဲ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်ဆိုလိုက်ပါ တယ်။ သံဃာတွေကို ဖမ်းဆီးသွားပြီးတဲ့နောက် ဘုန်းကြီးကျောင်းတွေ ပလာကျင်း ကျန်ရစ်ခဲ့တာကိုလည်း အတည်ပြုပြောကြားပါတယ်။

သူတို့ရဲ့ သွေးထွက်သံယို ဖြိုခွင်းတဲ့လုပ်ရပ်ကို အာဏာပိုင်တွေက ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့အတွက် သတ်ဖြတ် ဖမ်းဆီးခံရတဲ့သူတွေဘယ်လောက်ရှိတယ် ဆိုတာ အမှန်တကယ်သိဖို့ အရေးကြီးပါတယ်လို့လည်း သူက ပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. John Sawyers ကလည်း ဘာမှလုပ်လို့ မရတော့ပါဘူး၊ မြန်မာပြည်သူတွေရဲ့ တကယ့်ဆန္ဒဟာ ပြောင်းလဲချင်တာပဲဆိုတာ ကမ္ဘာက တွေ့မြင်နေရပါပြီလို့ ပြောပါတယ်။

စင်္ကာပူ နိုင်ငံကတော့ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်လိုက်ပြီး အမျိုးသား ပြန်လည်းသင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး တာကို ထိခိုက်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

မြန်မာ စစ်အစိုးရကို အပြစ်ပေး အရေးယူလိုတယ်ဆိုရင် နောက်ထပ် ပိတ်ဆို့ အရေးယူမှုပြုလုပ်တဲ့အတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာ၊ လက်တွေ့ကျကျ စဉ်းစားဖို့လိုတယ်လို့ ဆိုပါတယ်။

လက်မခံနိုင်လောက်တဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်အတွက် အပြစ်ပေးအရေးယူဘို့ ဆန္ဒရှိနေကြတယ်ဆိုတာကို စင်္ကာပူအစိုးရ ကိုယ်စားလှယ်အဖွဲ့က နားလည် သဘောပေါက်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ အရေးယူတာတော့ မလုပ်သင့်ဘူးလို့ စင်္ကာပူကိုယ်စားလှယ် မစ္စတာမီနွန်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးကတော့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စိုးရိမ်မှုရှိတယ်၊ မျှော်လင့်ချက်တွေရှိတယ်ဆိုတာ နိုင်ငံတကာကို တရုတ်နိုင်ငံက နားလည်ပေမယ့် မြန်မာစစ်အစိုးရကို ပြစ်ဒဏ်ခတ် အရေးယူတာဟာ အကျိုးရှိမှာ မဟုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်ရေးဘဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

 ရုရှား သံအမတ်ကြီးကလည်း မြန်မာနိုင်ငံက ခြေအနေတွေကို စိုးရိမ်းကြောင်း အစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဘို့ လိုအပ်ကြောင်း လုံခြုံရေးကောင်စီနဲ့ ပတ်သက်ပြီးလည်း မစ္စတာ ဂမ်ဘာရီကဘဲ လုပ်ငန်းတွေ ဆက်လုပ်သွားဖို့ လိုအပ်ကြောင်း ပြောသွားခဲ့ပါတယ်။