ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို စင်္ကာပူနဲ့ ဂျပန်နိုင်ငံတွေက ထောက်ခံ
၁၃.၁၀.၂၀၀၇- ဒို့မြန်မာ
ကုလသမဂ္ဂ
လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကြောညာချက်ကို စင်္ကာပူနဲ့
ဂျပန်နိုင်ငံတွေက ထောက်ခံလိုက်ပါတယ်။
စင်္ကာပူနိုင်ငံက ထောက်ခံကြိုဆိုလိုက်တဲ့ သောကြာနေ့က ကြေညာချက်မှာ လုံခြုံရေးကောင်စီက တခဲနက်တပြိုင်တည်း ထုတ်ပြန်တဲ့ ကြောညာချက်ကို စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီးဌာနက အဓိက အလေးပေး ဖေါ်ပြလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ မြန်မာနိုင်ငံကို စောနိုင်သမျှ စောစော ပြန်သွားပြီး ပြည့်စုံတဲ့ ရလဒ်တွေပေါ်ထွက်လာအောင် ကုလသမဂ္ဂ အထူးသံအနေနဲ့ လုပ်ဆောင်ပေးဘို့ ကြေညာချက်မှာ ဖေါ်ပြထားတာကိုလည်း စင်္ကာပူနိုင်ငံက ကြိုဆိုကြောင်း အလေးပေး ဖေါ်ပြထာပါတယ်။
စင်္ကာပူနိုင်ငံလိုပဲ လုံခြုံရေးကောင်စီရဲ့ ကြောညာချက်ကို လက်ခံသဘောတူတဲ့ နောက်တနိုင်ငံ ကတော့ ဂျပန်နိုင်ငံဖြစ်ပါတယ်။ ဂျပန်အစိုးရကလည်း နိုင်ငံတကာက တခဲနက်လက်ခံ အတည်ပြု လိုက်တဲ့ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း ဂျပန်အစိုးရပြောခွင့်ရပုဂ္ဂိုလ်က သောကြာနေ့က ပြောကြားသွားပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ထူထောင်ရာမှာ ကုလသမဂ္ဂအဖွဲ့၊ အရှေ့တောင် အာရှနိုင်ငံတွေနဲ့အတူ ဂျပန်နိုင်ငံက ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုတဲ့အချက်ကို ထပ်လောင်း ပြောကြားသွားပါတယ်။ ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် မစ္စတာ မတ်ခ်ျမူးရားကတော့ လုံခြုံရေးကောင်စီရဲ့ ကြောညာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ဆောင်ချက်နဲ့ လူ့အခွင့်အရေး တိုးတက်ပြောင်းလည်းရေးတွေ အတွက် အထောက်အကူပြုလိမ့်မယ်လို့ ဂျပန်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။