|
်
ကိုမှုးကြီး၊ မောင်ပြည်သာ၊ မောင်ဆင်ခြင်တို.ဧ၊၊် ဆွေးနွေးခန်း ကိုမှူးကြီး ။ ။ တိုင်းပြည်မှာ မင်းမဲ့ စရိုက်တွေ လွှမ်းမိုးနေတယ်ကွ။ မောင်ပြည်သား ။ ။ မင်းကျင့်တရား (၁၀) ပါးမရှိလို. ဖြစ်မှာပေါ.။ မောင်ဆင်ခြင် ။ ။ ( x x x x x x x x ) တိတ်ဆိတ်လျှက် ။ ကိုမှူးကြီး ။ ။ တိုင်ပြည်မှာ ဘုရင်မှ မရှိတာကွ ။ မောင်ဆင်ခြင် ။ ။ ဒါဆို ပုလ္လင်ပေါ်မှာ ထိုင်နေတဲ့သူကဘယ်သူလဲ။ မောင်ပြည်သား ။ ။ ( x x x x x x x x x x x x x )။ ကိုမှူးကြီး ။ ။ အဲဒါ နန်းတော်ကြီးကို စောင့်နေတဲ့ နန်းစောင့်ကြီးကွ။ မောင်ပြည်သား ။ ။ သူကဘုရင်မဟုတ်ဘဲ ဘာဖြစ်လို့ အမိန့်တွေ ခဏခဏ ထုတ်နေတာလဲ။ မောင်ဆင်ခြင် ။ ။ ( x x x x x x x x x x x x x x )။ ကိုမှူးကြီး ။ ။ တိုင်းပြည်ငြိမ်ပြီး ပိပြားနေအောင်လို့ပေါ့ကွ။ မောင်ပြည်သား ။ ။ တိုင်းပြည်မှာ ဘုရင်မရှိတာ တကယ်ဘဲလား။ မောင်ဆင်ခြင် ။ ။ နန်းစောင်းကြီးကိုယ်တိုင် ပြောပြီးပြီပဲ။ ကိုမှူးကြီး ။ ။ အေးဟုတ်တယ် ဘုရင်မရှိဘူး။ မောင်ဆင်ခြင် ။ ။ မင်းမဲ့နေတာကြာပြီလား၊ ဘုရင်ဘယ်တော့ရှိလာမှာလဲ။ မောင်ပြည်သား ။ ။ ( x x x x x x x x x x x x x x ) ကိုမှူးကြီး ။ ။ ဥပဒေ ရေးနေတုန်းဘဲကွ။ မောင်ပြည်သား ။ ။ ဒီမိုကရေစီ ဆိုတဲ့ ဥပဒေလား။ မောင်ဆင်ခြင် ။ ။ မင်းမဲ့နေတဲ့ တိုင်းပြည်မှာ ဘယ်သူက ဥပဒေရေးနေတာလဲ။ ကိုမှူးကြီး ။ ။ ဒီမိုကရေစီမြန်မြန်ပေးချင်လို့ နန်းစောင့်ကြီးက ဦးဆောင်ပြီး ရေးနေတာတဲ့။ မောင်ပြည်သား ။ ။ ဒီမိုကရေစီက သူ့ဆီမှာရှိနေတာလား။ မောင်ဆင်ခြင် ။ ။ နန်းတော်စောင့်က ဘာလို့ ပုလ္လင်ပေါ်တက်ထိုင်နေတာလဲ။ ကိုမှူးကြီး ။ ။ အမိန့်ထုတ်လို့ရအောင်လို့ပေါ့ကွ၊ နန်းတော်စောင့်ပါဆိုနေမှ သူ့မှာ ဒီမိုကရေစီဘယ် ရှိမလဲကွ၊ သူလဲဒီမိုကရေစီကိုသိချင်နေမှာပေါ့။ မောင်ပြည်သား ။ ။ ဒါဆိုနန်းစောင့်ကြီးမပေးနိုင်တဲ့ ဒီမိုကရေစီကို သူ့ဆီ တောင်နေတာ အလကား ဖြစ်နေတော့မှာပေါ့။ ကိုမှူးကြီး ။ ။ ( x x x x x x x x x x x x x x x )။ မောင်ပြည်သား ။ ။ နန်းစောင်းကြီးတို့ဦးဆောင်နေတဲ့ ဒီမိုကရေစီဆိုတဲ့ ဥပဒေဟာလည်း မင်းမဲ့စ ရိုက်လွှမ်းတဲ့ ဥပဒေဖြစ်နေတော့မှာပေါ့။ မောင်ဆင်ခြင် ။ ။ နန်းစောင့်ကြီးလုပ်ချင်တာကို အ`မိန့်´ လို့ရေပြီးကြေငြာလိုက်ရင် `ဥပဒေ´ဖြစ် ရောလား။ ကိုမှူးကြီး ။ ။ နန်းတော်စောင့်ရာက ပုလ္လင်ပေါ်တက်ထိုင်မိတော့ နန်းစောင့်ဘ၀ကိုမေ့ပြီး ကိုယ့်ကို ကိုယ် ဘုရင်ထင်မှတ်မိတာကြောင့် ပြောချင်တာပြော၊ လုပ်ချင်တာလုပ် အဲဒါအမိန့် ပေါ့ကွ။ မောင်ပြည်သား ။ ။ ဒါဆို ဒီမိုကရေစီပေးလို့မရဘဲ ပုလ္လင်ပေါ်တက်ထိုင်ပြီ မင်းမဲ့စရိုက်တွေလုပ်နေ တဲ့သူဟာ နန်းစောင့်ကြီးသာဖြစ်ကြောင်း ကြေငြာမောင်းခတ်ဖို့ အချိန်ရောက် နေပြီပေါ့။ မောင်ဆင်ခြင် ။ ။ ဟုတ်ပဟုတ်ပ။ `ဘုရင်မရှိဘူး´လို့ နန်းစောင့်ကြီးကိုယ်တိုင် ၀န်ခံထားပြီဖြစ်တဲ့ မင်းမဲ့တိုင်းပြည် မှာ မင်းမဲ့ချိန်ထုတ်တဲ့ `အမိန့်´ မှန်သမျှ၊ မင်းမဲ့ချိန်ရေးတဲ့ ဥပဒေမှန်သမျှ နန်း စောင့်ကြီးတို့ရဲ့ မင်းမဲ့စရိုက်နဲ့ မုသာဝါဒတွေသာ ဖြစ်ကြောင်း တိုင်းပြည်ကို မောင်ကျင်းကျင်း လည်ခတ်လိုက်ပေတော့ မောင်ပြည်သာရေ။
မင်းကျော်ကျော်ထွန်း ( မော်လမြိုင် )
|