ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ပေးဖို့ NLD ပါတီတိုက်တွန်း

၁၈.၀၁.၂၀၀၈

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ ဆွေးနွေးခွင့်ပေးဖို့ စစ်အစိုးရကို NLD ပါတီက အခုလ ၁၈ ရက်၊ သောကြာနေ့မှာ ကြေညာချက်တရပ် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

အဲဒီကြေညာချက်မှာ ဒေါ်အောင်ဆန်စုကြည်နဲ့ ဦးတင်ဦးတို့ကို ပြန်လွှတ်ပေးဖို့ ထပ်လောင်း တိုက်တွန်းလိုက်ပြီး၊ အခု ထိန်းသိမ်းထားဆဲကာလမှာ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ တွေ့ဆုံခွင့်ပြုဖို့ ဖေါ်ပြထားပါတယ်။

ဇန်န၀ါရီလ ၁၇ ရက်နေ့ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အားမလို အားမရ ဖြစ်နေတယ်လို့ ဆွေးနွေးသွားကြကြောင်း သတင်းရရှိသည်။