ဓမ္မတရားဖြင့် မောင်းထုတ်ခြင်း

(၁)
"
နအဖ" သို့
"န" သည် အောချ
"အ" ပုံထပ်ပေါင်း
"န၊ အ" ကပင် အဖ(အဘ) ခေါ်လောက်။

(၂)
နိမ့်ကျအောက်စိုက်
မိုက်ဇရိုက် ဆက်
မိုက်တွင်း တွင်းနက်
မိုက်ကန်း ကမ်းကုန်
မိုက်ပုံ မိုက်ချက်
မိုက်လျက် ဆက်မိုက်
မိုက်ရမ်း ရမ်းကား
မိုက်သား မျိုးယုတ်
မိုက်မျိုးယုတ်သည်
မိုက်ရွာမှာ မွေး
မိုက်ခွေးမျိုးစပ် ထားလေသလား။

(၃)
လူက လူလို
တွေးချင့် စဉ်းစား
မှန်သော်ငြားလည်း
လူမဟုတ်သူ၊ တိရစ္ဆာာန်မူကား
အဘယ်သို့လျှင်၊ လူလိုမြင်လိမ့်
လူစိတ်ရှိအံ့၊ ဥာဏ်ရှိအံ့ဟု
အတင်းတွေးစေ၊ လုပ်ပါလေလည်း
ဗီဇသရုပ်၊ တိရစ္ဆာန်ယုတ်သည်
အဘယ်သို့လျှင်
လူလို မြင်နိုင်ပါအံ့နည်း။

(၄)
ပုခုံးနှစ်ခု ခေါင်းပြုပေါက်ဖွား
နေသော်ငြာလည်း
မျိုးဗီဇစိတ်၊ အဟိတ် တိရစ္ဆာန်
စိတ်ယုတ် သဏ္ဍန်သည်
ဒေါသကြွဟီး၊ မာန်ဖီပြီးလျှင်
ရန်မူပြုတတ်
ကိုက်တတ်သည်မှာ၊ ဓမ္မတာ။

(၅)
"" နှင့် "အ" မှာ
"
အဖ" ထပ်ပေါင်းပြီး
"နအဖ" ဟု ပညတ်ချက်နောက်
ကောက်ကောက် လိုက်ရင်း
ဗုဒ္ဓ၏ သား
ရဟန်းများပင် သူမမြင်တော့
သံဃာသည်လည်း သူမသိတော့
မူလ သရုပ်၊ ဗီဇယုတ်ပေါ်
မျိုးစပ် မိုက်ခွေး၊ မိုက်သွေး ဗီဇ
ပီပီပြသည့်
ခွေးဇာတ်သရုပ်၊ "နအဖ" ယုတ်နှင့်
အပေါင်း ယုတ်ညံ့
မျိုးစပ်ဘက်တော်၊ အပေါင်းဖေါ်တို့
ပြည်လည်းသနံ့၊ ရွာသနံ့၏။

(၆)
လူ့ရွာ လူသား၊ နေရပ်များမှ
မောင်းထုတ် ဖယ်ရှား
"နအဖ" သွားလော့၊
ဓမ္မတရားသည်
စိမ့်ဝင် လှိုက်ခတ်၊ လှိုင်းထပ်ပြီးလျှင်
ပံသုမြေထက်၊ ဘ၀ဂ် ရိုက်ဆော်
ပဲ့တင် အော်၍
ပြည်ကြီးဟိန်းခတ် သွားချေပြီ။

                                                  မင်းထက်ဘုန်းကျော်