ကလေးစစ်သားအသုံးပြုနေသည့် နိုင်ငံများကိစ္စ အစီရင်ခံစာထွက်

၀၁.၀၂.၂၀၀၈

မြန်မာနိုင်ငံအပါအ၀င် ကလေးစစ်သားအသုံးပြုနေတဲ့ နိုင်ငံတွေက လက်နက်ကိုင် ပဋ္ဋိပက္ခတွေအကြားက လေးအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ၂၀၀၇ ခုနှစ်အစီရင်ခံစာကို လာမဲ့ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ လုံခြုံရေးကောင်စီက ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သီးသန့်ဖေါ်ပြရာမှာ မြန်မာ့တပ်မတော် (ကြည်) ဟာ ကလေးစစ်သား စုဆောင်းတာတွေ လုပ်နေဆဲဆိုတဲ့အချက်၊ ကလေးစစ်သားစုဆောင်းအသုံးပြုတဲ့ နေရာတွေကို သွားရောက်ဝင်ထွက် မလေ့လာနိုင်တဲ့အချက် နဲ့ ကလေးစစ်သား စုဆောင်းမှုရှိနေဆဲ ရှက်စရာ နိုင်ငံနဲ့ အဖွဲ့အစည်းများစရင်း List of Shame မှာ အဖွဲ့အစည်းလိုက် ဖေါ်ပြထားတဲ့အချက်တွေကို အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။