ဆယ်နှစ်သမီးအရွယ်
မိန်းမငယ်တဦးအား လူမဆန်စွာ ပြုကျင့်
၂၇.၀၁.၂၀၀၈
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီခရိုင်
မယ်တော်ကလေး ကျေးရွာနေ ဆယ်နှစ်သမီးအရွယ် မိန်းမငယ်တဦးအား လွန်ခဲ့သော သုံးရက်ခန့်က
အဓမ္မပြုကျင့်မှု တရပ် ဖြစ်ပွါးခဲ့သည်။ ၎င်း အဓမ္မပြုကျင့်ခဲ့သော လူစိတ်ကင်းမဲ့သည့်သူအား
ပြုကျင့်ခြင်းခံရသည့် မိန်းခလေးရှင်၏ ဆွေမျိုးသားချင်းများမှ
ထိုးနှက်ရိုက်ပုတ်ခဲ့ကြပြီးနောက် သက်ဆိုင်ရာ ရဲများရောက်ရှိလာပြီး
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်း မိန်းခလေးမှာ အခင်းဖြစ်ပွါးရာနေရာတွင်
သွေးများအလွန်အမင်း ထွက်ရှိနေသဖြင့် နီးစပ်ရာ ဆေးရုံးသို့ အရေးပေါ်လူနာအဖြစ်
တင်လိုက်ရကြောင်း ဒို့မြန်မာမှ သတင်းရရှိပါသည်။